အိန္ဒိယရူပီး ၃၇.၀၆ ဘီလီယံ (ဒေါ်လာ ၄၃၅ သန်း) ကုန်ကျမည့် HCL Group နှင့် ထိုင်ဝမ် Foxconn တို့ ဖက်စပ်လုပ်ကိုင်သည့် တစ်ပိုင်းလျှပ်ကူးပစ္စည်းစက်ရုံသစ်ကို အိန္ဒိယအစိုးရအဖွဲ့မှ အတည်ပြုလိုက်ပြီဟု ပြန်ကြားရေးဝန်ကြီး Ashwini Vaishnaw က ဗုဒ္ဓဟူးနေ့ .(မေ ၁၄)တွင် ပြောကြားသည်။အဆိုပါစက်ရုံသည် အိန္ဒိယ တစ်ပိုင်းလျှပ်ကူးပစ္စည်း ရည်မှန်းချက် India Semiconductor Mission အရ အတည်ပြုပေးသည့် ဆဌမမြောက်စက်ရုံ ဖြစ်သည်။စက်ရုံကို ဥတ္တရဒေသပြည်နယ်မြောက်ပိုင်းရှိ Jewar မြို့တွင် တည်ဆောက်မည်။၂၀၂၇ တွင် စီးပွားဖြစ် စတင်ထုတ်လုပ်မည်။တစ်လလျှင် ဝေဖာ ၂ သောင်း ထုတ်လုပ်နိုင်မည်ဖြစ်ပြီး display အတွက်သုံးသည့် ချစ်ပ် ၃၆ သန်း လစဉ်ထုတ်လုပ်နိုင်မည်။ 
HCL Group နှင့် ထိုင်ဝမ် Foxconn တို့ ဖက်စပ်လုပ်ကိုင်သည့် တစ်ပိုင်းလျှပ်ကူးပစ္စည်းစက်ရုံသစ်ကို အိန္ဒိယအစိုးရအဖွဲ့မှ အတည်ပြု
May 15 • 4:34 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 10 | 0 | 0 | 0 |


