မက္ကဆီကိုမှ အွန်လိုင်းနာမည်ကြီး အလှအပရေးရာ TikTok Influencer အမျိုးသမီး ဗယ်လာရီယာမားကွက်ဇ်ဟာ ဆိုရှယ်မီဒီယာ ဖော်လိုဝါပေါင်းသောင်းချီရှေ့မှာ တိုက်ရိုက်ပြသနေစဉ်မှာပဲ သေနတ်ပစ်သတ်ခံလိုက်ရပါတယ်။ မော်တော်ဆိုင်ကယ်စီးလာကာ လက်ဆောင်ပစ္စည်း လာပို့သူဟန်ဆောင်ထားတဲ့ သေနတ်သမားက မက္ကဆီကို ဂျာလစ္စကိုရှိ သူမရဲ့ Blossom the Beauty Lounge အလှပြင်ဆိုင်ထဲမှာပဲ မေ၁၃ရက်နေ့က ဝင်ရောက်ပစ်ခတ်သွားတာဖြစ်ကြောင်း El Imparcial က ဖော်ပြထားပါတယ်။



