အစ္စရေးနိုင်ငံဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ယာဟုက ဟားမက်စ်အဖွဲ့ကို ချေမှုန်းရန် ကြိုးပမ်းမှုများအဖြစ် အစ္စရေးစစ်တပ်ဟာ လာမည့်ရက်ပိုင်းအတွင်း ဂါဇာဒေသသို့ "အင်ပြည့်အားပြည့်" ဝင်ရောက်သွားမည်ဖြစ်ကြောင်း မေလ ၁၃ရက်နေ့က ထုတ်ပြန်လိုက်ပါတယ်။အစ္စရေးဘက်က ဟားမက်စ်အဖွဲ့ရဲ့ တိုက်ခိုက်မှုများအပေါ် တုံ့ပြန်သည့်အနေဖြင့် ဂါဇာဒေသအတွင်း စစ်ရေးလှုပ်ရှားမှုများကို တိုးမြှင့်သွားမှာဖြစ်ပြီး တင်းမာတဲ့ နည်းလမ်းတွေနဲ့ ရင်ဆိုင်သွားမယ်လို့ အစ္စရေး ဝန်ကြီးချုပ်ရုံးမှ တရားဝင် ထုတ်ပြန်ပါတယ်။
May 15 • 2:28 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 13 | 0 | 0 | 0 |


