ထိုင်း ကျန်းမာရေးဝန်ကြီးဌာနက အမျိုးသား ကျန်းမာရေး စောင့်ရှောက်မှုရုံး (NHSO) နဲ့ ပူးပေါင်းကာ အန္တရာယ်ရှိတဲ့ လူအုပ်စု ၇ စုအတွက် တုပ်ကွေး ကာကွယ်ဆေးကို ဩဂုတ်လ ၃၁ ရက်နေ့အထိ ထိုင်းတစ်နိုင်ငံလုံးမှ ဆေးရုံ၊ ဆေးခန်းတွေမှာ အခမဲ့ ထိုးပေးမှာ ဖြစ်ပါတယ်။ ရာသီတုပ်ကွေးကို ကာကွယ်ဖို့ အခုလို ထိုးပေးတာ ဖြစ်ပါတယ်။ကာကွယ်ဆေး ၄.၅၇ သန်းကို ကျန်းမာရေး ဌာနတွေကို ပေးပို့ထားပါတယ်။ အဲဒီကာကွယ်ဆေးဟာ တုပ်ကွေး ဗိုင်းရက်စ် မျိုးစိတ် ၃ ခု ဖြစ်တဲ့ A (H1N1), A (H3N2) နဲ့ B (Victoria lineage) ကို ကာကွယ်ပေးနိုင်ပါတယ်။



