ကမ္ဘာပေါ်မှာ အဆင်းရဲဆုံး သမ္မတလို့ ပြောစမှတ် တွင်ခံရဖူးသူ ဥရုဂွေး သမ္မတဟောင်း ဟိုဆေး မူဂျီကာဟာ အသက် ၈၉ နှစ် အရွယ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။၂၀၁၀ ကနေ ၂၀၁၅ ခုနှစ်ထိ တောင်အမေရိက ဒေသတွင်း နိုင်ငံကို ရွေးကောက်ခံ ခေါင်းဆောင်အဖြစ် အုပ်ချုပ်ခဲ့တဲ့ မူဂျီကာဟာ သူ့ရဲ့ ရိုးရှင်းပြီး ပကာသန နည်းပါးလှတဲ့ လူနေမှု ပုံစံကြောင့် အဆင်းရဲဆုံး သမ္မတဆိုတဲ့ ဂုဏ်ပုဒ်ကို ရရှိခဲ့တာပါ။လက်ရှိ သမ္မတ ယာမန်ဒူ အော်စီက သမ္မတဟောင်း ကွယ်လွန်တဲ့ သတင်းကို လူမှုကွန်ရက် မီဒီယာ Xမှာ အတည်ပြု ရေးသားခဲ့ပါတယ်။ မေလ ၁၃ ရက်နေ့မှာ မူဂျီကာ ကွယ်လွန်သွားကြောင်း၊ မူဂျီကာရဲ့ ဘဝတလျှောက် သူချစ်တဲ့ နိုင်ငံနဲ့ ပြည်သူတွေအတွက် ပေးဆပ်ခဲ့တာတွေကို အမြဲ အမှတ်ရနေမှာဖြစ်ကြောင်း အော်စီက ဆိုပါတယ်။
May 15 • 2:25 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 13 | 0 | 0 | 0 | 


