back

ရုရှား-ယူကရိန်းဆွေးနွေးပွဲအတွက် တူရကီသို့ မသွားရောက်တော့ဟု ထရမ့် သတင်းထုတ်ပြန်

May 15 • 2:23 AM

breaking-news

မြန်မာ

ပြည်ပ

cover

ရုရှား-ယူကရိန်းဆွေးနွေးပွဲအတွက် တူရကီသို့ မသွားရောက်တော့ဟု ထရမ့် သတင်းထုတ်ပြန်

ရုရှား-ယူကရိန်းဆွေးနွေးပွဲအတွက် တူရကီသို့ မသွားရောက်တော့ဟု ထရမ့်ကပြောကြားကြောင်း အမေရိကန်အရာရှိတစ်ဦး၏ ထုတ်ပြန်ချက်အရသိသည်။ ရုရှားကိုယ်စားလှယ်အဖွဲ့ကို ကရင်မလင်အ...

ရုရှား-ယူကရိန်းဆွေးနွေးပွဲအတွက် တူရကီသို့ မသွားရောက်တော့ဟု ထရမ့်ကပြောကြားကြောင်း အမေရိကန်အရာရှိတစ်ဦး၏ ထုတ်ပြန်ချက်အရသိသည်။ ရုရှားကိုယ်စားလှယ်အဖွဲ့ကို ကရင်မလင်အကြံပေး ဗလာဒီမာ မက်ဒင်စကီက ဦးဆောင်မည်ဖြစ်ပြီး ဒုဝန်ကြီး မီခေးလ်ဂါလူဇင်၊ ရုရှားလက်နက်ကိုင်တပ်ဖွဲ့များ၏ ဗဟိုဌာနချုပ်မှူး အီဂေါ်ကိုစတျူကော့ဗ် နှင့် ဒုကာကွယ်ရေးဝန်ကြီး အလက်ဇန်းဒါးဖိုမင် တို့ ပါဝင်မည်ဖြစ်သည်။ မေလ ၁၁ ရက်တွင် ပူတင်က ၂၀၂၂ ခုနှစ်က ရပ်ဆိုင်းထားခဲ့သော ကန့်သတ်ချက်မရှိ တိုက်ရိုက်ဆွေးနွေးပွဲများ ပြန်လည်စတင်ရန် ယူကရိန်းအာဏာပိုင်များအား တောင်းဆိုခဲ့သည်။ ဇယ်လင်စကီကလည်း‌‌ေမ၁၅ရက်နေ့တွင် တူရကီသို့ သွားရောက်မည်ဟု ကြေညာခဲ့သည်။


news-view-count-icon

12