back

ဆီးရီးယား တော်လှန်ရေး အစိုးရ သမ္မတနဲ့ ထရမ့်တွေ့ဆုံ

May 15 • 1:51 AM

breaking-news

မြန်မာ

ပြည်ပ

cover

ဆီးရီးယား တော်လှန်ရေး အစိုးရ သမ္မတနဲ့ ထရမ့်တွေ့ဆုံ

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ ဆီးရီးယားရဲ့ ကြားကာလ တော်လှန်ရေး အစိုးရ ခေါင်းဆောင်နဲ့ ဆော်ဒီအာရေးဘီးယားမှာ တွေ့ဆုံခဲ့ပါတယ်။ထရမ့်ရဲ့ ဆော်ဒီ ခရီးစဉ်အတွင်း သီးခြာ...

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ ဆီးရီးယားရဲ့ ကြားကာလ တော်လှန်ရေး အစိုးရ ခေါင်းဆောင်နဲ့ ဆော်ဒီအာရေးဘီးယားမှာ တွေ့ဆုံခဲ့ပါတယ်။ထရမ့်ရဲ့ ဆော်ဒီ ခရီးစဉ်အတွင်း သီးခြား အစီအစဉ် အနေနဲ့ သမ္မတ အာမက် အယ်လ်ရှာရားနဲ့ မေလ ၁၄ ရက်မှာ တွေ့ဆုံပြီး နာရီဝက်လောက် စကားပြောခဲ့တယ်လို့ ဆိုပါတယ်။ အယ်လ်ရှာရားဟာ အာဏာရှင် ဘာရှာ အယ်လ်အာဆတ် ဦးဆောင်တဲ့ ဆီးရီးယား အစိုးရကို ဖြုတ်ချခဲ့တဲ့ တော်လှန်ရေး တပ်ပေါင်းစုကို အဓိက ဦးဆောင်ခဲ့သူလည်း ဖြစ်ပါတယ်။ထရမ့်က သူဟာ ဆီးရီးယား နိုင်ငံအပေါ် အမေရိကန် အရေးယူ ပိတ်ဆို့မှုတွေကို ပယ်ဖျက်ပေးတော့မယ်လို့ ကြေညာပြီးတဲ့နောက် အယ်လ်ရှာရားနဲ့ လူချင်းတွေ့ခဲ့တာ ဖြစ်ပါတယ်။


news-view-count-icon

11