MNL (U-21) Youth League 2025 အမှတ်ပေး ဘောလုံးပြိုင်ပွဲ (Week-3) ပွဲစဉ်တစ်ပွဲ အဖြစ် မေ ၁၄ ရက်(ယနေ့)၊ ညနေက ဗဟန်းမြက်ခင်းတုကွင်း၌ ရတနာပုံ အသင်းနှင့် ဧရာဝတီယူနိုက်တက် အသင်းတို့ ကစားခဲ့ကြပြီး ယင်းပွဲတွင် AYA Pay Man of The Match အကောင်းဆုံး ကစားသမားဆုကို ရတနာပုံအသင်း ဂိုးသမား အာကာမင်းအုပ်က ရရှိခဲ့ သည်။ အာကာမင်းအုပ်သည် အကောင်းဆုံးကစားသမားဆုတံဆိပ်နှင့်အတူ ဆုငွေကျပ် တစ် သိန်း ရရှိခဲ့ပြီး ဆုတံဆိပ်နှင့် ဆုငွေကျပ်တို့ကို ပြိုင်ပွဲကြီးကြပ် ဦးနေလင်းဦးက ချီးမြှင့် ပေးခဲ့သည်။



