back

ပြည်တွင်းမှာ မျိုးသုဉ်းရန်အန္တရာယ်ရှိနေသည့်ငှက်မျိုးစိတ်များကို ထိန်းသိမ်းမှုပိုမိုလုပ်ဆောင်ရန် ပညာရှင်များ ဆော်ဩ

May 14 • 1:04 PM

breaking-news

မြန်မာ

ပြည်တွင်း

cover

ပြည်တွင်းမှာ မျိုးသုဉ်းရန်အန္တရာယ်ရှိနေသည့်ငှက်မျိုးစိတ်များကို ထိန်းသိမ်းမှုပိုမိုလုပ်ဆောင်ရန် ပညာရှင်များ ဆော်ဩ

မြန်မာနိုင်ငံရှိ ငှက်မျိုးစိတ်ပေါင်း ၁,၀၀၀ ကျော်ထဲတွင် မျိုးသုဉ်းလုနီးပါးအန္တရာယ်ရှိနေသည့် မျိုးစိတ်နှင့် မျိုးသုဉ်း ရန်အန္တရာယ်ရှိနေသောမျိုးစိတ် စုစုပေါင်း ၂၈ ...

မြန်မာနိုင်ငံရှိ ငှက်မျိုးစိတ်ပေါင်း ၁,၀၀၀ ကျော်ထဲတွင် မျိုးသုဉ်းလုနီးပါးအန္တရာယ်ရှိနေသည့် မျိုးစိတ်နှင့် မျိုးသုဉ်း ရန်အန္တရာယ်ရှိနေသောမျိုးစိတ် စုစုပေါင်း ၂၈ မျိုးရှိကြောင်း သိရပါတယ်။ သို့ရာတွင် မျိုးသုဉ်းသွားပြီဟု ယူဆထားသည့် Pink-headed Duck ကိုဖယ်လိုက်ပါက မျိုးသုဉ်းရန် အန္တရာယ်ရှိ နေ သည့် ငှက်မျိုးစိတ်၂၇ မျိုးရှိပြီး ယင်းငှက်မျိုးစိတ်များထဲတွင် ဌာနေငှက်မျိုးစိတ်နှင့် ဆောင်းခိုငှက် မျိုး စိတ်များ ပါ ဝင်ကြောင်း သိရပါတယ်။ကမ္ဘာပေါ်၌ ငှက်မျိုးစိတ်ပေါင်း တစ်သောင်းကျော်ရှိပြီး မြန်မာနိုင်ငံတွင် အဆိုပါငှက်မျိုးစိတ်အားလုံး၏ ၁၀ ရာခိုင် နှုန်းဖြစ်သော ငှက်မျိုးစိတ် ၁,၀၀၀ ကျော် နေထိုင်ကျက်စားလျက်ရှိကြောင်း သိရပါတယ်။



news-view-count-icon

15