back

ရန်ကုန်တက္ကသိုလ်တွင် စားသာက်ကုန်လုပ်ငန်းအတတ် ပညာ ဖွင့်လှစ်မည်

May 14 • 1:01 PM

breaking-news

မြန်မာ

ရန်ကုန်

cover

ရန်ကုန်တက္ကသိုလ်တွင် စားသာက်ကုန်လုပ်ငန်းအတတ် ပညာ ဖွင့်လှစ်မည်

ရန်ကုန်တက္ကသိုလ်၊ ကုန်ထုတ်ဓာတုဗေဒဌာနတွင် စားသောက် ကုန်လုပ်ငန်းအတတ်ပညာ (Certificate in Food Technology) သင်တန်းကို (၃) လကြာ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်‌ကြောင်း သိ...

ရန်ကုန်တက္ကသိုလ်၊ ကုန်ထုတ်ဓာတုဗေဒဌာနတွင် စားသောက် ကုန်လုပ်ငန်းအတတ်ပညာ (Certificate in Food Technology) သင်တန်းကို (၃) လကြာ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်‌ကြောင်း သိရသည်။ သင်တန်းစတင်ဖွင့်လှစ်မည့်ရက်မှာ ၂၀၂၅ ခုနှစ်၊ မေလ (၂၀) ရက်နေ့ ဖြစ်ပြီး သင်တန်းကာလမှာ (၃) လကြာမြင့်ပါမည်။ သင်တန်းကို အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသပတေးတို့တွင် မနက် (၇) နာရီမှ (၉) နာရီအထိ တက်ရောက်ရမည်ပြီး သင်တန်းကြေးမှာ (၃) လပေါင်းကို တစ်သိန်းကျပ် ပေးသွင်းရမည်ဖြစ်သည်။သင်တန်းနှင့်ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို စုံစမ်းလိုပါက ရန်ကုန်တက္ကသိုလ်ရှိ ကုန်ထုတ်ဗေဒဌာနသို့ လူကိုယ်တိုင်သွား၍ဖြစ်စေ၊ ဖုန်းနံပါတ် ၀၉-၉၄၃၈၄၉၄၁၅၊ ၀၉-၈၈၃၄၉၁၈၉၀ တို့ကို ရုံးချိန်အတွင်း ဆယ်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်။



news-view-count-icon

19