back

လှိုင်သာယာမှ KTV/ တည်းခိုခန်းအတွင်း အမျိုးသားတစ်ဦးသေဆုံး

May 14 • 10:57 AM

breaking-news

မြန်မာ

ရန်ကုန်

cover

လှိုင်သာယာမှ KTV/ တည်းခိုခန်းအတွင်း အမျိုးသားတစ်ဦးသေဆုံး

ရန်ကုန်မြို့၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ ရွှေလင်ပန်းတွင်ဖွင့်လှစ်ထားသည့် KTV/ တည်းခိုခန်းတစ်ခုအတွင်း အမျိုးသားတစ်ဦးသေဆုံးမှုတစ်ခု ယနေ့(မေလ ၁၄ ရက်)နံနက်ပို...

ရန်ကုန်မြို့၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ ရွှေလင်ပန်းတွင်ဖွင့်လှစ်ထားသည့် KTV/ တည်းခိုခန်းတစ်ခုအတွင်း အမျိုးသားတစ်ဦးသေဆုံးမှုတစ်ခု ယနေ့(မေလ ၁၄ ရက်)နံနက်ပိုင်းက ကြုံတွေ့ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ထိုသေဆုံးနေသော အမျိုးသားမှာ သက်လတ်ပိုင်းအရွယ်ရှိပြီး လှိုင်သာယာမြို့နယ်အတွင်း (၁)ရပ်ကွက် မဟောသဓလမ်းအတွင်း နေထိုင်သော ရန်မျိုးအောင် ဆိုသူဖြစ်သည်ဟု ဆိုထားကြသလို ရုပ်အလောင်းကို လှိုင်သာယာပြည်သူ့ ဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်း သိရသည်။



news-view-count-icon

39