back

ရန်ကုန်မြို့လှိုင်မြစ်အတွင်း သင်္ဘောမြုပ်၍ ရေစီးဖြင့်မျောနေ

May 14 • 10:55 AM

breaking-news

မြန်မာ

ရန်ကုန်

cover

ရန်ကုန်မြို့လှိုင်မြစ်အတွင်း သင်္ဘောမြုပ်၍ ရေစီးဖြင့်မျောနေ

ရန်ကုန်မြို့၊ ကြည့်မြင်တိုင်မြို့နယ်၊ ဗားကရာဆိပ်ကမ်းအနီးရှိ လှိုင်မြစ်အတွင်းတွင် ယနေ့(မေလ ၁၄ ရက်) မွန်းလွဲပိုင်းက သင်္ဘောတစ်စီးနစ်မြုပ်၍ ရေစီးဖြင့် မျောပါနေလျက်...

ရန်ကုန်မြို့၊ ကြည့်မြင်တိုင်မြို့နယ်၊ ဗားကရာဆိပ်ကမ်းအနီးရှိ လှိုင်မြစ်အတွင်းတွင် ယနေ့(မေလ ၁၄ ရက်) မွန်းလွဲပိုင်းက သင်္ဘောတစ်စီးနစ်မြုပ်၍ ရေစီးဖြင့် မျောပါနေလျက်ရှိပြီးအဆိုပါ သင်္ဘောသည် တစ်စစဖြင့်နစ်မြုပ်လျက်ရှိသလို ဦးထောင်သော အနေအထားမျိုးကျန်နေချိန်တွင် ရေစီးနှင့်အတူ သီရိမင်္ဂလာစျေးသစ်ဘက်အခြမ်းသို့ ဆက်လက်မျောပါနေကြောင်း သိရသည်။ထိုသင်္ဘောမှာ ကမ်းရိုးတန်းသွားကုန်တင်သင်္ဘောအမျိုးအစားဖြစ်နိုင်ကြောင်း ပြောဆိုနေကြပြီး သင်္ဘောနစ်မြုပ်မှုနှင့် ပတ်သက်၍ ထိခိုက်သေဆုံးမှုအခြေအနေကို လတ်တလောသိရှိခြင်းမျိုးမရှိသေးကြောင်းလည်း သိရသည်။






news-view-count-icon

20