ပျဉ်းမနားမှာ ယနေ့မနက်အစောပိုင်းက လှုပ်ခဲ့သည့် ငလျင်ငယ် ကြောင့် ပေါစံခေါရွာရှိ ရွာဦးကျောင်းတံခွန်တိုင်ပြိုလဲခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ယင်းငလျင်မှာ မဂ္ဂနီကျု(၃.၆)အဆင့်ရှိပြီး ယနေ့နံနက်(၅)နာရီ၁၅မိနစ်အချိန်ခန့်က ပျဉ်းမနားမြို့ဧလာအနီးကို ဗဟိုပြုကာ ထပ်မံလှုပ်ခတ်ခဲ့ခြင်းဖြစ်သည်။ယင်းငလျင်လှုပ်ခပ်မှုကြောင့်ပျဉ်းမနားမြို့၊နတ်သူရဲကျေးရွာအုပ်စု၊ပေါစံခေါကျေးရွာ၊ရွာဦးကျောင်းဝန်အတွင်းရှိ စေတီများအနီးရှိတံခွန်တိုင်ကြီးအောက်ခြေမှပြတ်၍ပြိုလဲခဲ့ကြောင်းသိရပါသည်။



