ယနေ့(မေလ ၁၄ ရက်)နံနက်ပိုင်းကရန်ကုန်မြို့၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ ရွှေလင်ပန်းတွင်ဖွင့်လှစ်ထားသည့် KTV/ တည်းခိုခန်းတစ်ခုအတွင်း အမျိုးသားတစ်ဦးသေဆုံးမှုတစ်ခု ကြုံတွေ့ခဲ့ကြောင်း ဒေသခံများထံမှ သိရပါတယ်။အဆိုပါ တည်းခိုခန်းမှာ KTVနှင့်တည်းခိုခန်းတွဲ၍ဖွင့်လှစ်ထားသော မော်ဒန် တည်းခိုခန်း၌ကြုံခြင်းဖြစ်ပြီး လတ်တလောတွင် သက်ဆိုင်ရာက သေဆုံးမှုအပေါ်ဓမ္မတာအတိုင်း သေဆုံးခြင်းဟုတ်မဟုတ်ကို စစ်ဆေးနေလျက်ရှိကာထိုသေဆုံးနေသော အမျိုးသားမှာ သက်လတ်ပိုင်းအရွယ်ရှိပြီး လှိုင်သာယာမြို့နယ်အတွင်း (၁)ရပ်ကွက် မဟောသဓလမ်းအတွင်း နေထိုင်သော ရန်မျိုးအောင် ဆိုသူဖြစ်သည်ဟု ဆိုထားကြသလို ရုပ်အလောင်းကို လှိုင်သာယာပြည်သူ့ ဆေးရုံကြီးသို့ ပို့ဆောင်ထားပါတယ်။
May 14 • 9:01 AM
မြန်မာ
ရန်ကုန်
မျှဝေမည်
| 20 | 0 | 0 | 0 |


