နော်တင်ဟမ်အသင်းရဲ့ နိုင်ဂျီးရီးယားတိုက်စစ်မှူး အဝိုနီယီဟာ ပြင်းထန်တဲ့ ဝမ်းဗိုက်ဒဏ်ရာကို ခွဲစိတ်ကုသမှု ပြုလုပ်နေစဉ်အတွင်း သတိလစ်သွားခဲ့ပေမယ့် အခုချိန်မှာတော့ အခြေအနေ ပြန်လည်တည်ငြိမ်နေပြီလို့ သိရ ပါတယ်။ အသက် ၂၇ နှစ်အရွယ် အဝိုနီယီဟာ မေ၁၁ရက်နေ့က လက်စတာအသင်းနဲ့ ၂ ဂိုးစီ သရေကျခဲ့တဲ့ပွဲရဲ့ ပွဲချိန် ၈၈ မိနစ်မှာ အီလန်ဂါရဲ့ ဖြတ်တင်ဘောကို ဂိုးသွင်းနိုင်ဖို့ ကြိုးစားရင်း ဂိုးတိုင်နဲ့ ဆောင့်မိခဲ့တာဖြစ်ပါတယ်။ မေ၁၂ရက်နေ့မှာတော့ အဝိုနီယီရဲ့ ဒဏ်ရာကို ဆေးရုံမှာ ခွဲစိတ်ကုသမှုပြု လုပ်ခဲ့တာဖြစ်ပြီး ပထမအဆင့်ခွဲစိတ်နေ တုန်းမှာပဲ အဝိုနီယီ သတိလစ်သွားခဲ့တာ ဖြစ်ပါတယ်။ မေ၁၃ရက်နေ့က နော်တင်ဟမ်အသင်းရဲ့ ထုတ်ပြန်ချက်မှာတော့ အဝိုနီယီရဲ့ အခြေအနေက တိုးတက်ကောင်းမွန်လာပြီလို့ ရေးသားထားခဲ့ပြီး မေ၁၄ရက်နေ့မှာ နောက်ထပ်လိုအပ်တဲ့ ကုသမှုတွေ ထပ်မံလုပ်ဆောင်သွားဦးမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ 
| 15 | 0 | 0 | 0 |


