back

ဟူသီသူပုန်များ ထွက်ပေါက်ရှာနေဟု အမေရိကန် ပြော

May 14 • 8:37 AM

breaking-news

မြန်မာ

ပြည်ပ

cover

ဟူသီသူပုန်များ ထွက်ပေါက်ရှာနေဟု အမေရိကန် ပြော

ဟူသီသူပုန်တွေနဲ့ အမေရိကန်တို့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် မရရှိခဲ့မီ ရက်ပိုင်းအလိုမှာ ဟူသီအဖွဲ့ တွေက ထွက်ပေါက် ရှာဖွေနေတယ်လို့ အမေရိကန် အဆင့်မြင့်အရာရှိ လေးယေ...

ဟူသီသူပုန်တွေနဲ့ အမေရိကန်တို့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် မရရှိခဲ့မီ ရက်ပိုင်းအလိုမှာ ဟူသီအဖွဲ့ တွေက ထွက်ပေါက် ရှာဖွေနေတယ်လို့ အမေရိကန် အဆင့်မြင့်အရာရှိ လေးယောက်က ပြောကြားလာပါတယ်။ ခုနစ်ပတ်ကြာ အမေရိကန်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေအပြီးမှာ ဟူသီသူပုန်တွေက ထွက်ပေါက် ရှာဖွေနေကြတယ်လို့ ဆိုပါတယ်။၂၀၂၃ ခုနှစ် နိုဝင်ဘာလကတည်းက ဟူသီသူပုန်တွေက ပါလက်စတိုင်းတွေနဲ့ စည်းလုံးညီညွှတ်ကို ပြသတဲ့အနေနဲ့ ပင်လယ်နီမှာ ဖြတ်သန်းသွားလာနေတဲ့ သင်္ဘောတွေကို ပစ်မှတ်ထားပြီး ဒရုန်းတွေ၊ ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့ တာဖြစ်ပါတယ်။ ပင်လယ်နီမှာ ဖြတ်သန်းသွားလာနေတဲ့ သင်္ဘောတွေကို ဟူသီသူပုန်တွေရဲ့ ရာနဲ့ချီ တိုက်ခိုက်ခဲ့ တာကြောင့် ကမ္ဘာ့ကုန်သွယ်မှုကို များစွာအနှောင့်အယှက် ဖြစ်စေခဲ့သလို အမေရိကန်ပြည်ထောင်စုအတွက်လည်း ကုန်ကျစရိတ် ကြီးမားစွာ ဖြစ်ပေါ်နေတာပါ။


news-view-count-icon

16