မေလ(၁၂)ရက်နေ့နှင့် မေလ(၁၃)ရက်နေ့များတွင်
မြန်မာနိုင်ငံကြက်ခြေနီအသင်းသည် သဘာဝဘေးအန္တရာယ်များကြောင့် ထိခိုက်ခံစားရသူများကို လူသားချင်းစာနာမှုအကူအညီများပေးလျက်ရှိရာ မွန်ပြည်နယ် ကျိုက်မရောမြို့နယ်တွင် ၂၀၂၄ခုနှစ်၊ ဩဂုတ်လအတွင်းက ရေဘေးအန္တရာယ် ဆိုးရွားစွာ ခံစားခဲ့ရသည့် ရပ်ကွက်နှင့် ကျေးရွာများဖြစ်သော ရန်မျိုးအောင်ရပ်ကွက်၊ ဦးလေးကျေးရွာ၊ နိတုံကျေးရွာ၊ ပိန်းနဲကုန်းကျေးရွာနှင့် ခနောင်ကျေးရွာများမှ ရေဘေးသင့် အိမ်ထောင်စုများအား ငွေသား ထောက်ပံ့ကူညီခဲ့ပါတယ်။ထောက်ပံ့ရာတွင် အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့် လခြမ်းနီအသင်းများဖက်ဒရေးရှင်း၏ ကူညီပံ့ပိုးမှုဖြင့် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ထောက်ပံ့ခြင်းဖြစ်ပြီး အဆိုပါရပ်ကွက်/ကျေးရွာများမှ ရေဘေးသင့် အိမ်ထောင်စု ပေါင်း(၄၄၃)စုအား အသင်း၏ သတ်မှတ်စံနှုန်းများနှင့်အညီ အိမ်ထောင်စု(၁)စုလျှင် ငွေသား ကျပ် လေးသိန်းတိတိ (၄၀၀,၀၀ဝိ/)ကို ကျိုက်မရောမြို့နယ်တွင် ကြက်ခြေနီစေတနာလုပ်အားရှင်များက ရေဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ ပေးခဲ့ခြင်းလည်းဖြစ်ပါတယ်။


