Megan Thee Stallion ရဲ့ ခြေထောက်ကို သေနတ်ဖြင့်ပစ်ခတ်ခဲ့မှုအပါအဝင် အခြားစွဲချက်တွေဖြင့် ထောင်၁၀နှစ်ကျနေတဲ့ ရက်ဘာဖြစ်သူ Tory Lanez မှ ထောင်ထဲမှာတင် ဓားဖြင့် ၁၄ချက်အထိုးခံခဲ့ရပါတယ်။ကျောနောက်ဘက်ကို ၇ချက်၊ ခန္ဓာကိုယ်အရှေ့ပိုင်းကို ၄ချက်၊ ခေါင်းနောက်ကို ၂ချက်နှင့် မျက်နှာဘယ်ဘက်တစ်ခြမ်းကို ၁ချက်ပါ။အဆုတ်၂ခုလုံး ပျက်စီးသွားခဲ့ပေမယ့် ပုံမှန်လိုပဲစကားပြောနေနိုင်ပြီး ဆေးကုသမှုခံယူနေတယ်လို့ သိရပါတယ်။



