မန္တလေးတွင် မတ်လ ၂၈ ရက်နေ့က ငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အဆောက်အဦးများကို ပိုင်ရှင်များထံမှ ငွေဖြင့်ဝယ်ယူကာ လူအင်အားဖြင့် ဖြိုဖျက်ပြီး အုတ်၊ သံ၊ သွပ်စသည်တို့ကို အလုံးစုံသိမ်းယူသောလုပ်ငန်းများ ပေါ်ပေါက်လာသည်။ ဖြိုဖျက်စရိတ်မဖြည့်နိုင်သည့်အိမ်ရှင်များအနေဖြင့် ထိုသဘောတူညီမှုကို လက်ခံရောင်းချနေကြပြီး ဝယ်ယူသူများအနေဖြင့် အမြတ်ရရှိနေကြောင်း ဒေသခံများက ပြောကြသည်။



