back

ဂရိတွင် ပြင်းအား ၆ ဒသမ ၃ အဆင့်ရှိ ငလျင်လှုပ်ခတ်

May 14 • 8:15 AM

breaking-news

မြန်မာ

ပြည်ပ

cover

ဂရိတွင် ပြင်းအား ၆ ဒသမ ၃ အဆင့်ရှိ ငလျင်လှုပ်ခတ်

ဂရိမှာ မေလ ၁၃ ရက်က ပြင်းအား ၆ အဆင့်ကျော်ရှိတဲ့ ငလျင်လှုပ်ခတ်သွားကြောင်း သိရပါတယ်။ ပြင်းအား ၆ ဒသမ ၃ ရှိ ငလျင်ဟာ ဂရိနိုင်ငံ Crete ကျွန်းကို ဗဟိုပြုပြီး အနက် ၈၃ က...

ဂရိမှာ မေလ ၁၃ ရက်က ပြင်းအား ၆ အဆင့်ကျော်ရှိတဲ့ ငလျင်လှုပ်ခတ်သွားကြောင်း သိရပါတယ်။ ပြင်းအား ၆ ဒသမ ၃ ရှိ ငလျင်ဟာ ဂရိနိုင်ငံ Crete ကျွန်းကို ဗဟိုပြုပြီး အနက် ၈၃ ကီလိုမီတာ(၅၂ မိုင်)မှာ လှုပ်ခတ်သွားတယ်လို့ ဂျာမန်ဘူမိသိပ္ပံဆိုင်ရာ သုတေသနဌာန(GFZ)က ပြောကြားထားပါတယ်။ ဒေသခံတွေရဲ့ပြောကြားချက်အရ ငလျင်လှုပ်ခတ်မှုကြောင့် အသေအပျောက် ဒါမှမဟုတ် ပျက်စီးမှု မရှိဘူးလို့ ထုတ်ပြန်ထားပါတယ်။ အီဂျစ်နိုင်ငံ မြောက်ပိုင်းကမ်းရိုးတန်းမှာလည်း မေလ ၁၃ ရက်က ပြင်းအား ၆ ဒသမ ၄ ရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း အီဂျစ်အခြေစိုက် နက္ခတ္တဗေဒနှင့်ဘူမိရူပဗေဒဆိုင်ရာ အမျိုးသားသုတေသန ဌာနက ထုတ်ပြန်ထားပါတယ်။

news-view-count-icon

20