စက်သုံးဆီနှင့် သွင်းကုန်လုပ်ငန်းရှင်များအတွက် ဗဟိုဘဏ်က ကန်ဒေါ်လာ ၂၃.၆၇ သန်းနှင့် ထိုင်းဘတ် သန်း ၅၀ ကို ရောင်းချပေးထားကြောင်း သိရှိရသည်။ မေလ ၁၃ ရက်တွင်လည်း FX Market Online Trading Platform မှတစ်ဆင့် USD 1,620,425.00 ကို ထုတ်ရောင်းပေးခဲ့ကြောင်း သိရသည်။



