menu-icon
logo-icon

Global Reporter

home-icon

ပင်မ

breaking_news-icon

သတင်းထူးများ

hot-icon

လူကြိုက်များ

language-icon

language-icon
language-icon
‌
‌
‌
‌
‌
‌

Follow လုပ်ရန်

Application ဒေါင်းလုပ် လုပ်ရန်

playstore-iconappstore-icondownload-app-icon

Follow လုပ်ရန်

Application ဒေါင်းလုပ် လုပ်ရန်

playstore-iconappstore-icondownload-app-icon
Copyright 2026 Global Report. All rights reserved
navbar-bgnavbar-bg-dark
back

ပူတင်နဲ့ လူချင်းတွေ့ဖို့ စောင့်နေမယ်လို့ ယူကရိန်း သမ္မတပြော

May 14 • 6:09 AM

breaking-news

မြန်မာ

ပြည်ပ

မျှဝေမည်

share-news
cover

ပူတင်နဲ့ လူချင်းတွေ့ဖို့ စောင့်နေမယ်လို့ ယူကရိန်း သမ္မတပြော

မျက်နှာချင်းဆိုင် တွေ့ဆုံဖို့အတွက် ရုရှားသမ္မတ ဗလာဒီမာ ပူတင်ကို တူရကီ နိုင်ငံမှာ သူစောင့်နေမယ်လို့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပြောပါတယ်။နှစ်နိုင်ငံကြာ...

cover-photo

မျက်နှာချင်းဆိုင် တွေ့ဆုံဖို့အတွက် ရုရှားသမ္မတ ဗလာဒီမာ ပူတင်ကို တူရကီ နိုင်ငံမှာ သူစောင့်နေမယ်လို့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပြောပါတယ်။နှစ်နိုင်ငံကြားက စစ်ပွဲနဲ့ ပတ်သက်ပြီး ယူကရိန်းနဲ့ တိုက်ရိုက် ဆွေးနွေးလိုကြောင်း၊ ဆွေးနွေးမှုတွေဟာ တူရကီရဲ့ အကြီးဆုံး မြို့ဖြစ်တဲ့ အစ္စတန်ဘူလ်မှာ မေလ ၁၅ ရက်နေ့ကျရင် စတင်သင့်ကြောင်း ပူတင်က အရင်ဆုံး အဆိုပြုခဲ့ပါတယ်။ အဲဒီနောက် ဇီလန်စကီးက နှစ်နိုင်ငံ ခေါင်းဆောင်တွေ တိုက်ရိုက် တွေ့ဆုံဖို့ကို တောင်းဆိုခဲ့ပြီး တခြားအဆင့် အရာရှိတွေ စကားပြောကြတာဟာ အဓိပ္ပါယ် ရှိမှာမဟုတ်ကြောင်း မှတ်ချက်ပေးထားခဲ့ပါတယ်။မေလ ၁၄ ရက်နေ့ ရောက်တဲ့ထိ ရုရှားအစိုးရက အစ္စတန်ဘူလ် ဆွေးနွေးပွဲကို ပူတင်ကိုယ်တိုင် တက်ရောက်မလား ဆိုတာကို အတည်မပြုသေးပါဘူး။ ဇီလန်စကီးက သူဟာ တူရကီရဲ့ မြို့တော် အန်ကာရာမှာ ရောက်ရှိနေပြီး အစ္စတန်ဘူလ်ဆီ ခရီးဆက်ဖို့ အသင့်ပြင်ထားမယ်လို့ ဆိုပါတယ်။


news-view-count-icon

23

like-icon

0

comment-icon

0

share-news-icon

0

left-arrow-icon
cover-photo

မြန်မာနိုင်ငံဗဟိုဘဏ်မှ ကန်ဒေါ်လာ ၂၃.၆၇ သန်းနှင့် ထိုင်းဘတ် သန်း ၅၀ ရောင်းချပေး

မလေးရှားဝန်ကြီးချုပ် ရုရှားနိုင်ငံသို့ ဒုတိယအကြိမ် သွားရောက်

cover-photo
right-arrow-icon