back

ကရင်ပြည်နယ် မြဝတီမြို့မှာကျားဖြန့် အီသီယိုးပီးယားနိုင်ငံသား အယောက် ၉၀ ကို ထပ်မံလွှဲပြောင်းခဲ့

May 14 • 5:24 AM

breaking-news

မြန်မာ

ကရင်

breaking-news
cover

ကရင်ပြည်နယ် မြဝတီမြို့မှာကျားဖြန့် အီသီယိုးပီးယားနိုင်ငံသား အယောက် ၉၀ ကို ထပ်မံလွှဲပြောင်းခဲ့

မေလ ၁၄ ရက်နေ့တွင်ကရင်ပြည်နယ် မြဝတီမြို့မှာ ကရင်နယ်ခြားစောင့်တပ် (BGF)က ထိန်းသိမ်းထားတဲ့ ကျားဖြန့်ငွေလိမ်ဂိုဏ်း ဝန်ထမ်း အီသီယိုးပီးယားနိုင်ငံသား အမျိုးသား ၇၃ ယော...

မေလ ၁၄ ရက်နေ့တွင်ကရင်ပြည်နယ် မြဝတီမြို့မှာ ကရင်နယ်ခြားစောင့်တပ် (BGF)က ထိန်းသိမ်းထားတဲ့ ကျားဖြန့်ငွေလိမ်ဂိုဏ်း ဝန်ထမ်း အီသီယိုးပီးယားနိုင်ငံသား အမျိုးသား ၇၃ ယောက်နဲ့ အမျိုးသမီး ၁၇ ယောက်၊ စုစုပေါင်း အယောက် ၉၀ ကို ထိုင်းနိုင်ငံမှတဆင့် မိခင်နိုင်ငံဆီ ပြန်ပို့ဖို့ မဲဆောက်မြို့ တာဝန်ရှိသူတွေကို ထပ်မံလွှဲပြောင်းပေးလိုက်ပါတယ်။ပြီးခဲ့တဲ့ မေ ၈ ရက်ကလည်း ကျားဖြန့်ငွေလိမ်ဂိုဏ်း ဝန်ထမ်း အီသီယိုးပီးယားနိုင်ငံသား ၈၂ ယောက်ကို ထိုင်းနိုင်ငံမှတဆင့် မိခင်နိုင်ငံဆီ ပြန်ပို့ခဲ့ပါတယ်။

news-view-count-icon

20