ရှမ်းပြည်နယ်တောင်ပိုင်း၊ဖယ်ခုံအနောက်ဖက်ခြမ်းတွင် မိုးရာသီ၀င်လာသည်နှင့်အမျှ လေပြင်းတိုက်၊ မိုးသည်းထန်စွာရွာသွန်းနေပြီး ဒုက္ခသည်များအတွက် မိုးကာများလိုအပ်နေကာ"အခုမှ မိုးစ၀င်ပဲရှိသေးတယ်၊ လေပြင်းတွေတိုက်၊ မိုးအကြီးရွာတော့ အချို့တဲက ပျက်နေပြီ၊ ပြီးတော့ဒီနှစ်ကလည်း မိုးများမယ်လို့သိရတယ်၊ မိုးရာသီ အတွက် သူတို့ မိုးကာအသစ်တွေလိုအပ်တယ်" ဟုဒုက္ခသည်ကူညီနေသူတစ်ဦးကပြောပါတယ်။မိုးရာသီတွင် ရေကြီးရေလျှံမှု၊ သန့်ရှင်းသောရေမရရှိမှုတို့ ကြောင့် ဖျားနာမှုများ မကြာခဏ ဖြစ်ပွား တတ်သောကြောင့် ဆေးဝါးများလည်း လိုအပ်နေကြောင်းသိရပါတယ်။



