ယူကရိန်း၌ ခရီးသည်နှင့် လေယာဉ်အမှုထမ်း ၂၉၈ ဦးစလုံးလုံး သေဆုံးခဲ့သော မလေးရှားလေကြောင်းလိုင်းမှ လေယာဉ် ပစ်ချခံရမှုအတွက် ရုရှားတွင် တာဝန်ရှိကြောင်း ကုလသမဂ္ဂ လေကြောင်းရေးရာကောင်စီက ဆုံးဖြတ်ချက်ချရာ သေဆုံးသူများ၏ မိသားစုများအတွက် လျော်ကြေးပေးရန် တောင်းဆိုမှုများ ရှိလာသည်။၂၀၁၄ ခုနှစ်က MH17 လေယာဉ်သည် နယ်သာလန်မှ မလေးရှားသို့သို့ ခရီးစဉ် ပျံသန်းစဉ် ရုရှားလိုလားသော ခွဲထွက်ရေးသမားများနှင့် ယူကရိန်းတပ်ဖွဲ့ဝင်များကြား တိုက်ပွဲများ ပြင်းထန်နေရာ ယူကရိန်းအရှေ့ပိုင်း၌ ရုရှားလုပ် မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည်ဖြင့် ပစ်ချခံခဲ့ရခြင်း ဖြစ်သည်။ သေဆုံးသူများတွင် နယ်သာလန်နိုင်ငံသား ၁၉၆ ဦးနှင့် သြစတြေးလျနိုင်ငံသား သို့မဟုတ် နေထိုင်သူ ၃၈ ဦးတို့ ပါဝင်သည်။အပြည်ပြည်ဆိုင်ရာ မြို့ပြလေကြောင်း အဖွဲ့အစည်း (ICAO) ကောင်စီက လျော်ကြေး ပေးချေမှုပုံစံကို လာမည့်ရက်သတ္တပတ်များအတွင်း စဉ်းစားမည်ဖြစ်ကြောင်း ဩစတြေးလျနှင့် နယ်သာလန် အစိုးရများက ပြောသည်။
May 14 • 2:29 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 16 | 0 | 0 | 0 |


