အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ဟာ မိုးပျံနန်းတော်ကြီးလို့ခေါ်ဝေါ်နေကြတဲ့ အထူးဇိမ်ခံ Boeing 747-8 လေယာဉ်ကြီးကို ကာတာတော်ဝင်မိသားစုဆီကနေ လက်ခံရရှိဖို့ ရှိနေတာကို အမေရိကန်သတင်းဌာနတွေ မှာ ဖော်ပြနေကြပါတယ်။ အဲဒီလေယာဉ်ကို သမ္မတတွေသာ စီးနင်းတဲ့ Air Force One လေယာဉ်အဖြစ် ပြင်ဆင်မွမ်းမံဖို့ မျှော်လင့်ထားပါတယ်။အဲဒီလေယာဉ်တန်ဖိုးဟာ အမေရိကန်ဒေါ်လာ သန်း ၄၀၀ လောက်ရှိပြီး တခြားပြည်ပနိုင်ငံအစိုးရက အမေရိကန် နိုင်ငံကို ပေးဖူးသမျှထဲမှာ တန်ဖိုးအရှိဆုံး ဖြစ်ပါတယ်။
| 22 | 0 | 0 | 0 |


