ထိုင်းနိုင်ငံ၊ အယုဒ္ဓမြို့နယ်ရှိ ဆောက်လုပ်ရေး လုပ်ငန်းဆိုက်တစ်ခုမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမား(၄၂)ဦးဟာ ထိုင်းလုပ်ငန်းရှင်က လုပ်အားခ (၃) လစာ မရှင်းပေးတာကြောင့် အခက်အခဲများနဲ့ ကြုံတွေ့နေရတယ်လို့ H.M.A.C မဟာမိတ်အဖွဲ့ဆီကနေ သိရပါတယ်။မြန်မာအလုပ်သမား အမျိုးသား ၂၄ ဦး၊ အမျိုးသမီး ၁၈ ဦး စုစုပေါင်း (၄၂) ဦးတို့ဟာ ထိုင်းနိုင်ငံ၊ အယုဒ္ဓမြို့နယ်ရှိ ဆောက်လုပ်ရေး လုပ်ငန်းဆိုက်တစ်ခုမှာ ပြီးခဲ့တဲ့ ဇန်နဝါရီလကနေ မတ်လအထိ (၃) လအကြာ အလုပ်လုပ်ကိုင်ခဲ့ကြပေမဲ့ ထိုင်းလုပ်ငန်းရှင်က လုပ်ခလစာပေးချေခြင်းမရှိဘူးလို့ သိရပါတယ်။



