တရုတ်နိုင်ငံက လက်တင်အမေရိကနှင့် ကာရေဘီယံနိုင်ငံ ၅ နိုင်ငံပေါ် ဗီဇာကင်းလွတ်ခွင့်မူဝါဒ ကျင့်သုံးရန် ဆုံးဖြတ်ထားကြောင်း၊ ထို့ပြင် အဆိုပါမူဝါဒလွှမ်းခြုံသော ဒေသတွင်းနိုင်ငံအတိုင်းအတာကို အလျဉ်းသင့်သလို တိုးချဲ့သွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က မေ ၁၃ ရက်တွင် ပြောကြားခဲ့သည်။ရှီကျင့်ဖိန်က ပေကျင်းမြို့၌ကျင်းပသော တရုတ်-လက်တင်အမေရိကနှင့် ကာရေဘီယံနိုင်ငံများ အသိုက်အဝန်း (CELAC) ဖိုရမ် စတုတ္ထအကြိမ်မြောက် ဝန်ကြီးအဆင့် အစည်းအဝေး ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်၍ အဓိကမိန့်ခွန်းပြောကြားစဉ်တွင် အထက်ပါအတိုင်း မှတ်ချက်ပြုပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
တရုတ်နိုင်ငံက လက်တင်အမေရိကနှင့် ကာရေဘီယံနိုင်ငံ ၅ နိုင်ငံပေါ် ဗီဇာကင်းလွတ်ခွင့်မူဝါဒ ကျင့်သုံးမည်ဟု ရှီကျင့်ဖိန် ပြောကြား
May 14 • 3:10 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 37 | 0 | 0 | 0 |


