၁၃.၅.၂၀၂၅ ရက်ယနေ့၊ ၀၆နာရီ ၀၀ အချိန်ခန့်၊ မွန်ပြည်နယ်၊ သထုံမြို့၊ နန်းခဲရပ်ကွက်၊ မနောသုခလမ်းရှိ နေအိမ်ခြံဝန်းအတွင်းတွင် စိတ်ဖောက်ပြန်နေသူ မ(၁)ဦး ရေတွင်းထဲသို့ ခုန်ချသွားကြောင်း သတင်းပေးပို့လာသဖြင့် သထုံမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ အကြင်နာတွဲလက်လူမှုကူညီရေးအသင်းသားများနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများ ပူးပေါင်း၍ ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ရာ ၀၆ နာရီ၁၀မိနစ် အချိန်တွင် အသက်ရှင်လျက်ကယ်ဆယ်နိုင်ခဲ့ပြီး အကြင်နာတွဲလက် လူမှုကူညီရေးအသင်းမှယာဉ်ဖြင့် သထုံပြည်သူ့ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ပါတယ်။



