MRTV-4 သရုပ်ဆောင်မြတ်သူသူဟာ
ခင်ပွန်းဖြစ်သူရဲ့ အဘွား မွေးနေ့ပွဲလေးကို ခင်ပွန်းသည်ရဲ့ မိသားစု၊ ထိုင်ဝမ်က မိသားစုတွေနဲ့ ကျင်းပခဲ့ပါတယ်။ အဘွားဖြစ်သူက အသက် ၁၀၃ နှစ်ရှိပြီဖြစ်ပြီး သူမတို့က လူစုံတက်စုံနဲ့ ကျင်းပခဲ့တာပါ။ ခင်ပွန်းရဲ့မိသားစုတွေဟာ စိတ်ထားကောင်းကြတဲ့မိသားစုတွေဖြစ်တာကြောင့် ဒီမိသားစုတွေထဲက မိသားစုဝင်တစ်ဦးဖြစ်ရတာ ကံအရမ်းကောင်းတယ်လို့ ဆိုပါတယ်။



