ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ Anukool Pruksanusak က ထိုင်း ရေခဲမုန့်ဟာ ကမ္ဘာမှာ ရောင်းအားအကောင်းဆုံးထုတ်ကုန် တစ်ခု ဖြစ်နေပြီး အသက်အရွယ်မရွေး နှစ်သက်ကြတယ်လို့ ပြောပါတယ်။ အထူးသဖြင့် နွေရာသီမှာ ရေခဲမုန့်ရောင်းအား ပိုကောင်းပါတယ်။ ကမ္ဘာ့ စီးပွားရေးဟာ စိန်ခေါ်မှုတွေ ရှိနေပေမယ့် ထိုင်း ရေခဲမုန့် ရောင်းအားဟာ တိုးတက်ကောင်းမွန်နေပါတယ်။ ထိုင်းဟာ အာရှမှာ ရေခဲမုန့် ရောင်းအားအကောင်းဆုံး နံပါတ် ၁ နေရာကို သိမ်းပိုက်ထားပြီး တစ်ကမ္ဘာလုံးမှာ ဥရောပသမဂ္ဂ၊ အမေရိကန်နဲ့ ဗြိတိန်တို့ နောက်မှာ နံပါတ် ၄ နေရာကို ရထားပါတယ်။



