ထိုင်းနိုင်ငံကို ဝင်ရောက်သူတိုင်း Thailand Digital Arrival Card (TDAC) ဆိုက်ရောက်ကတ် ဖြည့်သွင်းရမဲ့ Website အတုပေါ်နေလို့ ထိုင်းရောက်မြန်မာတွေ သတိပြုဖို့လိုအပ်တယ်လို့ အသိပေးထားပါတယ်။ ထိုင်းနိုင်ငံသား မဟုတ်သူတွေ နိုင်ငံအတွင်း လေကြောင်း၊ ရေကြောင်း၊ ကုန်ကြောင်း တွေက ဝင်ရောက်ပါက TDAC (ထိုင်းဆိုက်ရောက်ကတ်)ကို သုံးရက်ကြိုတင် မဖြစ်မနေဖြည့်သွင်းရမှာ ဖြစ်ပါတယ်။ TDAC ကို ရေးသွင်းဖို့အတွက် http://tdac.immigration.go.th Website ကို အသုံးပြုရမှာ ဖြစ်ပြီး တခြားနိုင်ငံတကာ လေဆိပ်အတွင်းမှာလည်းTDACကတ် ဖြည့်မဲ့နေရာတွေ စီစဉ်ထားပါသည်။



