အင်တာမီလန်အသင်းသည် ချန်ပီယံလိဂ်တွင် ဗိုလ်လုပွဲအထိ တက်ရောက်နိုင်ခဲ့ခြင်းကြောင့် ဆုကြေး ယူရို (၁၃၃)သန်းရရှိထားပြီး ချန်ပီယံလိဂ်အိမ်ကွင်းပွဲစဉ်များမှ ကွင်းဝင်ကြေး ယူရိုသန်း (၆၀) ရရှိထားကြောင်း သိရသည်။ ထိုကြောင့် ချန်ပီယံလိဂ်ပြိုင်ပွဲမှ ဝင်ငွေအများဆုံးရရှိသည့် အီတလီအသင်းအဖြစ် မှတ်တမ်းဝင်ခဲ့သလို၊ ၂၀၂၂-၂၃ ရာသီတွင် ဗိုလ်လုပွဲရောက်ရှိခဲ့စဉ်က ရရှိခဲ့သည့်ဝင်ငွေ၏ နှစ်ဆနီးပါး ရရှိထားပြီဖြစ်ကြောင်း သိရသည်။ အင်တာမီလန်အသင်းသည် ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင် PSG ကို အနိုင်ရပါက ဆုကြေး ထပ်မံရရှိမည်ဖြစ်ပြီး ယင်းသို့ စွမ်းဆောင်နိုင်ခဲ့ပါက ချန်ပီယံလိဂ်မှ ဝင်ငွေ ယူရိုသန်း(၂၀၀) အထက် ရရှိသည့် ပထမဆုံးစီးရီးအေကလပ်ဖြစ်လာမည်ဖြစ်သည်။



