လက်ရှိပြသနေစဲ တောင်ကိုရီးယားဇာတ်လမ်းတွဲများအနက် “Resident Playbook” ဟာ ကြည့်ရှုသူနှုန်းမြင့်မားပြီး ပရိတ်သတ်တွေအကြိုက်တွေ့နေတဲ့ ဆရာဝန်ကားပါ။ ဒီကားထဲမှာ အဓိကဇာတ်လိုက်တွေအဖြစ် မင်းသား Jung Joon Won က ဒေါက်တာဂူဒိုဝန်, Gu Do Won, မင်းသမီး Go Youn Jung က ဒေါက်တာအိုအီယောင်းအဖြစ် သရုပ်ဆောင်ထားပါတယ်။ လက်ရှိမှာ ပစ်မှတ်ထားခံရပြီး အပြင်းအထန်ကဲ့ရဲ့ခံနေရတာကတော့ မင်းသား Jung Joon Won ဖြစ်ပါတယ်။ အိုအီယောင်းကို လာကြိုက်တဲ့ မေ့ဆေးဆရာဝန်ခပ်ချောချောလေးကြောင့် အချစ်ရေးမှာ ၃ ပွင့်ဆိုင် ဖြစ်ခဲ့ရပါတယ်။ ဒါပေမဲ့ အိုအီယောင်းက ဂူဒိုဝန်းကိုပဲ သဘောကျတာကြောင့် မေ့ဆေးဆရာဝန်ကို ငြင်းခဲ့တဲ့အပိုင်း ပြသပြီးချိန်မှာ လူထုဝေဖန်မှုက ပြင်းထန်လာပါသည်။



