back

ထိုင်းနိုင်ငံတွင် မိုးသည်းထန်စွာရွာသွန်းချိန် မြန်မာ သုံးဦး သေဆုံး

May 12 • 2:44 PM

breaking-news

မြန်မာ

ပြည်ပ

cover

ထိုင်းနိုင်ငံတွင် မိုးသည်းထန်စွာရွာသွန်းချိန် မြန်မာ သုံးဦး သေဆုံး

ထိုင်းနိုင်ငံမှာ ဘန်ကောက်မြို့ အရှေ့မြောက်ဘက်၊ နခေါရတ်ချ်စီမားခရိုင်၊ ဝမ်နမ်းခီယိုမှာ မေလ ၁၀ရက် ညနေပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး ရုတ်တရက် ရေကြီးခဲ့တာကြောင့...

ထိုင်းနိုင်ငံမှာ ဘန်ကောက်မြို့ အရှေ့မြောက်ဘက်၊ နခေါရတ်ချ်စီမားခရိုင်၊ ဝမ်နမ်းခီယိုမှာ မေလ ၁၀ရက် ညနေပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး ရုတ်တရက် ရေကြီးခဲ့တာကြောင့် အသက် ၁၈နှစ် အရွယ် မြန်မာ လုပ်သားတစ်ဦး ရေစီးထဲမျောပါ ပြီး သေဆုံးခဲ့တယ်လို့ မေလ ၁၁ ရက် သတင်းမှာ ဖေါ် ပြထားပါတယ်။ နွန်သဘူခရိုင်မှာလည်း အဲ့ဒီနေ့ ညနေပိုင်းမှာ မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး အသက် ၃၈ နှစ်နဲ့ အသက် ၃၅ နှစ်အရွယ် မြန်မာဇနီးမောင်နှံ နှစ်ဦး မော်တော်ဆိုင်ကယ် တိမ်းမှောက်ပြီး သေဆုံးခဲ့ပါသည်။ ဆိုင်ကယ်လဲကျသွားချိန် နှစ်ဦးလုံးကို တစ်ဖက်လမ်းက လာတဲ့ မော်တော်ယာဉ်က တိုက်မိခဲ့တာဖြစ်ပြီး တိုက်မိတဲ့ မော်တော်ယာဉ်ကတော့ မောင်း‌ပြေးသွားတာကို တွေ့ရပြီး စုံစမ်းရှာဖွေနေကြောင်း သိရသည်။



news-view-count-icon

14