back

Xiaomi SU7 Ultraအတွက် လေပြွန်နှစ်ခု ပါသော ဒီဇိုင်းအသစ်အတွက် မှာယူသူများ အပိုထပ်ဆောင်း ပေးသွင်းခဲ့ရ

May 12 • 2:41 PM

breaking-news

မြန်မာ

ပြည်ပ

cover

Xiaomi SU7 Ultraအတွက် လေပြွန်နှစ်ခု ပါသော ဒီဇိုင်းအသစ်အတွက် မှာယူသူများ အပိုထပ်ဆောင်း ပေးသွင်းခဲ့ရ

Xiaomi SU7 Ultraကို ရာနှင့်ချီသော ဝယ်ယူသူများသည် အမှာစာအတွက် ငွေသွင်းထားသည့် ဝယ်ယူသူများသည် ပရီမီယံ ကာဗွန်ဖိုက်ဘာသားဖြင့် ပြုလုပ်ထားပြီး လေပြွန်နှစ်ခု ပါသော ဒီဇ...

Xiaomi SU7 Ultraကို ရာနှင့်ချီသော ဝယ်ယူသူများသည် အမှာစာအတွက် ငွေသွင်းထားသည့် ဝယ်ယူသူများသည် ပရီမီယံ ကာဗွန်ဖိုက်ဘာသားဖြင့် ပြုလုပ်ထားပြီး လေပြွန်နှစ်ခု ပါသော ဒီဇိုင်းအသစ် ယာဉ်‌ရှေ့အဖုံးအတွက် ယွမ် ၄၂,၀၀၀ ($5,800) အပိုထပ်ဆောင်းပြီး ပေးသွင်းခဲ့ကြသည်။ ၎င်းရှေ့အဖုံးသည် အများထင်ထားသည့်အတိုင်း လေခွင်းအား ကောင်းစေသည့် နှာပေါက် လေပြွန်နှစ်ခု မဟုတ်ဘဲ အလုံပိတ်ထားသည့်အတွက် ကားအလှဆင်ပစ္စည်းသက်သက် ဖြစ်နေသည်။ ထို့အပြင် ဈေးအမြင့်ပေးဝယ်ထားရသည့် SU7 Ultra တွင် နှာပေါက်အတု ရှေ့ဖုံးတပ်ထားသည်။ မူလက ကြော်ငြာထားသည်မှာ လေခွင်းအား ကောင်းစေမည့် လေပြွန်ပေါက်နှစ်ခုအဖြစ် ရှင်းလင်းတင်ပြထားသည်နှင့် တခြားစီ ဖြစ်နေသည်။ သို့ဖြစ်ရာ၎င်းရှေ့အဖုံး ဝယ်ယူသူတို့က ယွမ် ၄၂,၀၀၀ ကို အပြည့်အဝ ငွေပြန်အမ်းပေးရန် ရှောင်မီထံ တောင်းဆိုထားကြသည်။ 



news-view-count-icon

15