တရုတ်နိုင်ငံ၊ ရှန်ဟိုင်းလေဆိပ်တွင် ခရီးသွားများကို စိစစ်ရာ၌ မျက်နှာမှတ်မိစနစ် facial recognition ကို အသုံးပြုထားသည်။ ခရီးသည်မျက်နှာကို စက်က ဖတ်လိုက်ပြီးလျှင် ၎င်းခရီးသွား သွားမည့် ခရီးစဉ်ဆိုင်ရာ အချက်အလက်များ ချက်ချင်းဖော်ထုတ်ပေးနိုင်သည်။ တရုတ်နိုင်ငံသူ ခရီးသွား အမျိုးသမီးတဦးသည် မျက်နှာတွင် မိတ်ကပ်လိမ်းကျံခြယ်သထားသည်မှာ အလွန်အကျွံ ဖြစ်နေသဖြင့် သူမ မျက်နှာကို မမှတ်မိနိုင်တော့သဖြင့် ရှေ့ဆက်မရ ဖြစ်နေခဲ့သည်။ သို့ဖြစ်ရာ မျက်နှာမှ မိတ်ကပ်များ သုတ်သင်ရှင်းလင်းပစ်ခဲ့ရကြောင်း သိရသည်။



