back

Panasonic Holdings ကုမ္ပဏီက အလုပ်အကိုင်‌နေရာ ၁၀,၀၀၀ လောက် ဖြတ်တောက်လျှော့ချမယ်

May 12 • 2:30 PM

breaking-news

မြန်မာ

ပြည်ပ

cover

Panasonic Holdings ကုမ္ပဏီက အလုပ်အကိုင်‌နေရာ ၁၀,၀၀၀ လောက် ဖြတ်တောက်လျှော့ချမယ်

ဂျပန် အီလက်ထရွန်နစ်ကုမ္ပဏီကြီး Panasonic Holdings က အလုပ်အကိုင်နေရာ ၁၀,၀၀၀ လောက် တစ်နည်းအားဖြင့် ကမ္ဘာတစ်ဝန်းက သူ့ကုမ္ပဏီရဲ့ ဝန်ထမ်းအင်အားရဲ့ ၅ ရာခိုင်နှုန်းလော...

ဂျပန် အီလက်ထရွန်နစ်ကုမ္ပဏီကြီး Panasonic Holdings က အလုပ်အကိုင်နေရာ ၁၀,၀၀၀ လောက် တစ်နည်းအားဖြင့် ကမ္ဘာတစ်ဝန်းက သူ့ကုမ္ပဏီရဲ့ ဝန်ထမ်းအင်အားရဲ့ ၅ ရာခိုင်နှုန်းလောက်ကို လျှော့ချဖို့ စီစဉ်ထားပါတယ်။ အဲဲဒီလို လုပ်ဆောင်မှုက အကျိုးအမြတ်မရှိတဲ့ လုပ်ငန်းတွေအပေါ် အာရုံစိုက်ပြီး ထိရောက်‌တဲ့ ကုမ္ပဏီမွမ်းမံပြင်ဆင်မှု တစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်။ ပြည်တွင်းရော ပြည်ပမှာပါ အလုပ်အကိုင်နေရာ ၅,၀၀၀ လောက်ကို ဖြတ်တောက်လျှော့ချမယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ မေလ ၉ ရက် သောကြာနေ့တုန်းက ကုမ္ပဏီရဲ့ CEO ဖြစ်သူ Kusumi Yuki က ၂၀၂၆ ဘဏ္ဍာရေးနှစ်အထိအတွင်းမှာ အမြတ်ငွေ အမေရိကန်ဒေါ်လာ တစ်ဘီလီယံကျော် တိုးလာဖို့ သူဆန္ဒရှိကြောင်း ပြောခဲ့ပါသည်။



news-view-count-icon

15