‘Until Dawn’ ကတော့ လက်ရှိ မြန်မာရော ကမ္ဘာတစ်ဝမ်းမှာပါ ရုံတင်ပြသနေတာဖြစ်ပြီး ဘတ်ဂျက် သန်း $15M သာ သုံးထားပြီး နိုင်ငံတကာဝင်ငွေ ဒေါ်လာ သန်း $44M အထိ ရရှိထားတဲ့ရုပ်ရှင်ဖြစ်လာပါပြီ။ Until Dawn က အမေရိကမှာ ဒေါ်လာ ၁၈ သန်းနဲ့ နိုင်ငံခြားမှာ ဒေါ်လာ ၂၆ သန်း စုစုပေါင်း ဒေါ်လာ ၄၄ သန်း ရှာထားပါတယ်။ ဒီရုပ်ရှင်ကို ဒေါ်လာ ၁၅ သန်း ဘတ်ဂျက်နဲ့ ထုတ်လုပ်ခဲ့တာမို့ Sony အတွက် တော်တော်လေး အောင်မြင်တဲ့ ရုပ်ရှင်တစ်ခု ဖြစ်လာပါသည်။



