မေလ ၁၁ ရက် တနင်္ဂနွေနေ့က ကျင်းပတဲ့ ခရစ်ယာန်ဆုတောင်းပွဲမှာ ပရိသတ် ၁၀၀,၀၀၀ လောက်ကို လေသာပြတင်းကနေ ပြောကြားခဲ့တာပါ။ ကမ္ဘာတဝှမ်းဖြစ်နေတဲ့ ယူကရိန်းစစ်ပွဲ၊ ဂါဇာစစ်ပွဲ စတာတွေဟာ တတိယကမ္ဘာစစ်မီးက ဟိုတစ ဒီတစ တောက်လောင်နေတာနဲ့ အတူတူပဲလို့ လီယိုက ထောက်ပြခဲ့ပါတယ်။ ပုပ်လီယိုဟာ ကက်သလစ်ဘာသာရဲ့ နှစ်ပေါင်း ၂,၀၀၀ သမိုင်းအတွင်း အမေရိကန်နိုင်ငံက ပထမဆုံးဖြစ်လာတဲ့ ပုပ်ရဟန်းမင်းကြီး ဖြစ်ပါသည်။



