back

ထိုင်းနိုင်ငံ၊ ပရိဘောဂစက်ရုံ မီးလောင်မှုတွင် တန်ချိန် ၃၀၀ ခန့်ရှိ ပလတ်စတစ်အမှုန့်များဖြင့် လောင်စာဆီများ ပါဝင်နေ

May 12 • 2:27 PM

breaking-news

မြန်မာ

ပြည်ပ

cover

ထိုင်းနိုင်ငံ၊ ပရိဘောဂစက်ရုံ မီးလောင်မှုတွင် တန်ချိန် ၃၀၀ ခန့်ရှိ ပလတ်စတစ်အမှုန့်များဖြင့် လောင်စာဆီများ ပါဝင်နေ

မေလ ၁၂ ရက် မွန်းလွဲပိုင်းတွင် ဘန်ကောက်မြို့ နယ်အုပ်ချုပ်ရေးအဖွဲ့ (BMA) မှ အမှုဆောင်အရာရှိများက နာရီပေါင်း ၂၀ ကျော်ကြာ လောင်ကျွမ်းခဲ့သည့် Ladkrabang ခရိုင်ရှိ ပရ...

မေလ ၁၂ ရက် မွန်းလွဲပိုင်းတွင် ဘန်ကောက်မြို့ နယ်အုပ်ချုပ်ရေးအဖွဲ့ (BMA) မှ အမှုဆောင်အရာရှိများက နာရီပေါင်း ၂၀ ကျော်ကြာ လောင်ကျွမ်းခဲ့သည့် Ladkrabang ခရိုင်ရှိ ပရိဘောဂစက်ရုံ မီးလောင်မှုတွင် စက်ရုံအတွင်း၌ တန်ချိန် ၃၀၀ ခန့်ရှိသော ပလတ်စတစ်အမှုန့်များဖြင့် လောင်စာဆီများ ပါဝင်နေကြောင်း သိရသည်။ မကြာမီ မီးကို အပြည့်အဝ ထိန်းချုပ်နိုင်မည်ဟု မျှော်လင့်ထားသည်။ သို့သော်လည်း လက်ရှိလေထုညစ်ညမ်းမှုစမ်းသပ်မှုများတွင် မြင့်မားသော PM2.5 နှင့် ကာဗွန်မိုနောက်ဆိုဒ်၊ ကလိုရင်း၊ ဖော်မယ်လ်ဒီဟိုက်နှင့် အခြားဓာတုပစ္စည်းအများအပြားကို တွေ့ရှိထားသည်။ BMA သည် အခင်းဖြစ်နေရာမှ ၇ ကီလိုမီတာခန့် ဝေးကွာသော Wat Sutthapot နှင့် Wat Pluk Sattha ကျောင်းသို မီတာ ၃၀၀ အကွာအဝေးအတွင်း နေထိုင်သူများကို ဘေးလွတ်ရာသို ရွှေ့ပြောင်းခိုင်းပြီး အမိုးအကာလေးခုကို ပိတ်ခိုင်းထားသည်။ 



news-view-count-icon

14