မေလ ၁၁ ရက် ညပိုင်းက ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ Lat Krabang ခရိုင်မှာရှိတဲ့ ပရိဘောဂစက်ရုံကြီးမှာ မီးလောင်မှု ဖြစ်ပွားခဲ့ပြီး အနီးနားက လူတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ရပါတယ်။ Chalong Krung 55 လမ်းပေါ်ရှိ မီးသတ်ကား ၃၀ ကျော်နှင့် မီးသတ်တပ်ဖွဲ့ဝင်များ အခင်းဖြစ်ပွားရာနေရာသို့ ရောက်ရှိခဲ့ကြောင်း သိရသည်။ မီးသတ်သမားများသည် စက်ရုံ၏မြေအောက်ခန်းရှိ မီးလောင်ကျွမ်းမှုဗဟိုချက်တွင် ထူထပ်သောမီးခိုးများနှင့် ပြင်းထန်သောအပူရှိန်ကြောင့် စက်ရုံရှိ လောင်ကျွမ်းနေသောမီးကို မေလ ၁၂ ရက် မနက်ထိ ထိန်းချုပ်နိုင်ခြင်းမရှိသေးကြောင်း သိရသည်။



