အင်းတော်မြို့ထဲ ဖြတ်သန်းဖောက်လုပ်ထားတဲ့ အင်းတော်မြို့တွင်းလမ်း အသုံးပြုခွင့်ကို တော်လှန်ရေး အင် အား စုတွေက မေလ ၄ ရက် မနေ့က ပြန်လည်ခွင့်ပြုလိုက်တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။အဆိုပါ လမ်းပိုင်း အသုံးပြုခွင့် ပိတ်ပင်ထားချိန်က ကုန်တင်ကားနဲ့ခရီးသည်ကားတွေအပါအဝင် ယာဉ်မှန်သမျှ ဖြတ် သန်းသွားလာခွင့်ကိုမရဘဲ မြို့ရှောင်လမ်းကနေရှောင်ကွင်းသွားရတာကြောင့် အချိန်အတော်ကြာသွားခဲ့ရပြီး အခက်အခဲတွေရှိခဲ့တာဖြစ်ပါတယ်။မြို့ခံပြည်သူတွေကို ကိုယ့်အိမ်ကလိုချင်တဲ့ ပစ္စည်းတချို့ကိုသာ အကန့်အသတ်နဲ့သွားယူခွင့်ပေးထားပြီး လုံခြုံမှု မရှိ သေးတာကြောင့် အိမ်ပြန်နေထိုင်ခွင့်တော့ မပေးထားသေးတာလို့ ပြောပါတယ်။



