Sky Villa အဆောက်အအုံ အဆောင် C ကနေ မေ ၅ ရက်မှာ ကျား ၁ ဦး၊ မေ ၄ ရက်မှာ ကျား ၁ ဦး၊ မ ၁ ဦးနဲ့ ကလေး ၁ ဦး၊ မေ ၃ ရက်မှာ ကျား ၁ ဦးနဲ့ မ ၂ ဦး၊ မေ ၂ ရက်မှာ မ ၅ ဦး၊ မ (ကလေး) ၁ ဦး၊ မေ ၁ ရက်မှာ မ ၁ ဦးနဲ့ အဆောင် D ကနေ ကျား ၁ ဦး စုစုပေါင်း အလောင်း ၁၅ လောင်း ထုတ်ယူနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ဒါ့အပြင် Passport စာအုပ်တွေ၊ အရေကြီးစာရွက်စာတမ်းတွေ၊ မြန်မာ၊ ထိုင်းနဲ့ အမေရိကန် ငွေစက္ကူတွေ၊ ဖုန်း၊ မီးခံသေတ္တာတွေ၊ Bank စာအုပ်တွေ၊ ရွှေထည်ပစ္စည်းတွေ၊ Car Owner Book (၁)အုပ်၊ ပိုက်ဆံအိတ်၊ Ipad၊ ဘိုးတော်အောင်မင်းခေါင်ရုပ်တု စတာတွေကို သေဆုံးသွားသူတွေရဲ့ မိသားစု၊ ဆွေမျိုးတွေဆီ ပြန်လည်ပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။



