back

TikTok ရောင်းချရမည့်ရက် အမေရိကန်သမ္မတထရမ့် သက်တမ်းတိုး

May 05 • 3:46 PM

breaking-news

မြန်မာ

ပြည်ပ

cover

TikTok ရောင်းချရမည့်ရက် အမေရိကန်သမ္မတထရမ့် သက်တမ်းတိုး

အမေရိကန်နိုင်ငံသား သန်း ၁၇၀ အသုံးပြုနေတဲ့ တရုတ်အခြေစိုက် TikTok ကို ဇွန်လ ၁၉ ရက် နောက်ဆုံးထားပြီး ပိုင်ဆိုင်မှုရှယ်ယာတွေရောင်းချဖို့ ဒါမှမဟုတ် ခွဲထုတ်ဖို့ ညွှန်...

အမေရိကန်နိုင်ငံသား သန်း ၁၇၀ အသုံးပြုနေတဲ့ တရုတ်အခြေစိုက် TikTok ကို ဇွန်လ ၁၉ ရက် နောက်ဆုံးထားပြီး ပိုင်ဆိုင်မှုရှယ်ယာတွေရောင်းချဖို့ ဒါမှမဟုတ် ခွဲထုတ်ဖို့ ညွှန်ကြားထားပြီး သဘောတူညီချက်မရရင် သက်တမ်းတိုးပေးမယ်လို့ ထရမ့်ကပြောကြားလာပါတယ်။ တရုတ်ပိုင် TikTok ရောင်းချမယ့်အရေးနဲ့ပတ်သက်လို့ အမေရိကန်ပြည်ထောင်စုနဲ့ TikTok မိခင်ကုမ္ပဏီ Bytedance တို့အကြား စစ်ခင်းနေကြတာ လပေါင်းများစွာ ကြာမြင့်နေပြီ ဖြစ်ပါတယ်။ ဇန်နဝါရီလကတည်းကစပြီး TikTok ကို အမေရိကန် ကွန်ဂရက်လွှတ်တော်က တားမြစ်ပိတ်ပင်ထားတာဖြစ်ပေမဲ့ ထရမ့်က နှစ်ကြိမ်တိုင် လွတ်ငြိမ်းချမ်းသာခွင့် ပေးထားတာဖြစ်ပါသည်။



news-view-count-icon

11