back

MMAID က လူမျိုးဘာသာမခွဲခြားဘဲ ငလျင်သင့် ပြည်သူများ အမိုးအကာအောက် အမြန်ဆုံးရောက်ရှိရန် နည်းလမ်း (၃)လမ်းဖြင့် ကူညီဆောင်ရွက်ပေးနေ

May 05 • 4:17 PM

breaking-news

မြန်မာ

ပြည်တွင်း

cover

MMAID က လူမျိုးဘာသာမခွဲခြားဘဲ ငလျင်သင့် ပြည်သူများ အမိုးအကာအောက် အမြန်ဆုံးရောက်ရှိရန် နည်းလမ်း (၃)လမ်းဖြင့် ကူညီဆောင်ရွက်ပေးနေ

မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေး အဖွဲ့ကြီး၏ ပံ့ပိုးကူညီရေးကော်မတီ(MYANMAR MUSLIM AID - MMAID) က လူမျိုးဘာသာမခွဲခြားဘဲ ငလျင်ဒဏ်သင့် ပြည်သူများ အမိုးအကာအေ...

မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေး အဖွဲ့ကြီး၏ ပံ့ပိုးကူညီရေးကော်မတီ(MYANMAR MUSLIM AID - MMAID) က လူမျိုးဘာသာမခွဲခြားဘဲ ငလျင်ဒဏ်သင့် ပြည်သူများ အမိုးအကာအောက် အမြန်ဆုံးရောက်ရှိရန်ပထမ နည်းလမ်းတစ်ခုအနေဖြင့် သတ်မှတ်လျာထားငွေ (၆၅)သိန်း အကုန်အကျခံ၍ ငလျင်ဘေးသင့်သူများ၏ မြေကွက်ပေါ်၌ ပြို/ပျက်သွားသည့် အဆောက်အဦများကို ပြန်လည်ပြုပြင်ပေးခြင်းနှင့် တစ်ထပ်သွပ်မိုးအိမ်များ ပြန်လည် ဆောက်လုပ်ပေးခြင်းများကို ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။ဒုတိယနည်းလမ်းအနေဖြင့် သတ်မှတ်လျာထားငွေ တစ်လလျှင် ကျပ်(၃)သိန်းနှုန်းဖြင့် (၆)လစာအတွက် (၁၈)သိန်း အကုန်အကျခံ၍ လချုပ်ဖြင့် အိမ်ခန်းများ ငှားရမ်းပေးခြင်းတို့ကို ဆောင်ရွက်ပေးသွားရန်ဖြစ်သည်။နောက်ဆုံး တတိယနည်းလမ်းအဖြင့် သတ်မှတ်လျာထားငွေ ကျပ်(၄၀)သိန်း အကုန်အကျခံ၍ ယာယီအိမ်ယာ စခန်းများတွင် နေထိုင်ရန် စီစဉ်ပေးခြင်းတို့ကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။



news-view-count-icon

14