လီဗာပူးလ်အသင်း၏ အင်္ဂလန်နောက်ခံလူ အာနိုးလ်က ယခုရာသီကုန်တွင် လီဗာပူးလ်အသင်းနှင့် လမ်းခွဲတော့မည်ဖြစ်ကြောင်း လူမှုကွန်ရက်မှတစ်ဆင့် အတည်ပြုကြေညာခဲ့သည်။ အာနိုးလ်(၂၆ နှစ်)သည် လီဗာပူးလ်အသင်း၏ ငယ်မွေးခြံပေါက်ကစားသမားဖြစ်ပြီး ရာသီကုန်ချိန်တွင် အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်သည်။ ယခုအခါ ၎င်းက လီဗာပူးလ်အသင်းနှင့် လမ်းခွဲတော့မည်ဖြစ်ကြောင်း အတည်ပြုလိုက်ခြင်းဖြစ်ပြီး မိမိ၏ဘဝတစ်လျှောက် အခက်ခဲဆုံးဆုံးဖြတ်ချက်ကို ချမှတ်ရခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။



