back

ပရီးမီးယားလိဂ်ချန်ပီယံလီဗာပူးလ်ကို ချယ်လ်ဆီးအသင်း Guard of Honour ပြုလုပ်၍ကြိုဆို

May 05 • 3:18 PM

breaking-news

မြန်မာ

ပြည်ပ

cover

ပရီးမီးယားလိဂ်ချန်ပီယံလီဗာပူးလ်ကို ချယ်လ်ဆီးအသင်း Guard of Honour ပြုလုပ်၍ကြိုဆို

ချယ်လ်ဆီးအသင်းသည် မေလ ၄ ရက် တနင်္ဂနွေနေ့က ယှဉ်ပြိုင်ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် ချန်ပီယံ လီဗာပူးလ်အသင်းကို Guard of Honour ပြုလုပ်၍ ကြိုဆိုခဲ့ကြောင်း သ...

ချယ်လ်ဆီးအသင်းသည် မေလ ၄ ရက် တနင်္ဂနွေနေ့က ယှဉ်ပြိုင်ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် ချန်ပီယံ လီဗာပူးလ်အသင်းကို Guard of Honour ပြုလုပ်၍ ကြိုဆိုခဲ့ကြောင်း သိရသည်။ လီဗာပူးလ်အသင်းသည် ပြီးခဲ့သည့်တစ်ပတ်က ယှဉ်ပြိုင်ခဲ့သော ပရီးမီးယားလိဂ်ပွဲစဉ် (၃၄)တွင် စပါးအသင်းကို (၅-၁)ဂိုးဖြင့် အနိုင်ရရှိပြီးနောက် ၂၀၂၄-၂၅ ရာသီ ပရီးမီးယားလိဂ်ချန်ပီယံအဖြစ် အောင်ပွဲခံနိုင်ခဲ့သည်။ ထိုကြောင့် ချန်ပီယံအဖြေထွက်ပြီးနောက် ပထမဆုံးရင်ဆိုင်ရသည့်ပွဲတွင် ချယ်လ်ဆီးအသင်းက စတမ်းဖိုဒ်ဘရစ်ချ်ကွင်း၌ Guard of Honour ပြုလုပ်၍ ဂုဏ်ပြုကြိုဆိုခဲ့ခြင်းဖြစ်သည်။



news-view-count-icon

16