back

ရန်ကုန်မြို့ရဲ့ လေထုအရည်အသွေးက ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ အဆင့်ရောက်နေ

May 05 • 3:12 PM

breaking-news

မြန်မာ

ရန်ကုန်

cover

ရန်ကုန်မြို့ရဲ့ လေထုအရည်အသွေးက ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ အဆင့်ရောက်နေ

ရန်ကုန်မြို့ရဲ့ လေထုအရည်အသွေးက ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ အဆင့်ရောက်နေတယ်လို့ မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက သိရပါတယ်။မတ်လ ၁ ရက်ကနေ ၃၁ ရက်အထိ တိ...

ရန်ကုန်မြို့ရဲ့ လေထုအရည်အသွေးက ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ အဆင့်ရောက်နေတယ်လို့ မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက သိရပါတယ်။မတ်လ ၁ ရက်ကနေ ၃၁ ရက်အထိ တိုင်းတာရရှိခဲ့တဲ့ လေထုအရည်အသွေး ညွှန်းကိန်းတွေအရ သတ်မှတ်ဖော်ပြချက်တွေကို နှိင်းယှဥ်ကြည့်ရာမှာ မတ်လ ၁ ၊ ၉ ၊ ၁၀ ၊ ၁၁ ၊၁၂ ၊ ၁၆ ၊ ၁၇ ၊ ၁၈ ၊ ၁၉ ၂၀ ၊ ၂၁ ၊ ၂၂ ရက်တို့မှာ လေထုအရည်အသွေး AQI ညွှန်းကိန်းက 51 - 100 အတွင်းရှိတာကြောင့် အသင့်အတင့်အဆင့် ( Moderate ) ၊ မတ်လ ၂ ရက်နဲ့ ၁၃ ရက်တို့မှာ AQI ညွှန်းကိန်းက 151 - 200 အတွင်း ရှိတာကြောင့် ကျန်းမာရေးထိခိုက်စေတဲ့အဆင့် ( Un healthy ) နဲ့ ကျန်ရက်တွေက AQI 101 - 150 အတွင်း ရှိနေတာကြောင့် ခံနိုင်ရည်နည်းပါးသူတွေအတွက် ကျန်းမာရေး ထိခိုက်စေတဲ့အဆင့် ဖြစ်တယ်လို့ သိရပါတယ်။



news-view-count-icon

17