ဘရာဇီးနည်းပြချုပ်နှင့် လမ်းခွဲခဲ့သည့် ရခိုင်ယူနိုက်တက်အသင်းသည် ကင်မရွန်းနိုင်ငံသားများဖြစ်သည့် တိုက်စစ်မှူးမန်နီယီ ရိုမီယိုနှင့် ကွင်းလယ်ကစားသမား မက်ဆို တို့(၂)ဦးကို အားဖြည့်ခေါ်ယူလိုက်ပြီဖြစ်ကြောင်း သိရသည်။ရခိုင်ယူနိုက်တက်အသင်းအနေဖြင့် ပြီးခဲ့သည့် ဘောလုံးရာသီကစားသမားများ ဖြစ်သော မိုကာလူး ၊ ယာယာ နှင့် အမ်ဘာတို့ကိုလည်း ပြန်လည်အသုံးပြုသွားမည်ဖြစ်ပြီး လက်ရှိအချိန်တွင် အသင်းကြီး၌ နိုင်ငံခြားသားကစားသမား ( ၅ ) ဦးအထိ အသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။



